ချွေးမကလက်မခံလို့ သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့မိခင်အိုကြီးရဲ့အဖြစ်😢

ချွေးမကလက်မခံလို့ သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံခဲ့ရတဲ့မိခင်အိုကြီးရဲ့အဖြစ်😢

အမေကိုခေါ်ထားရင် မိန်းမ(ချွေးမ)က လက်မခံနိုင်လို့ဆိုပြီးတော့ သားအရင်းက စွန့်လွှတ်လိုက်တဲ့ (၇၄)နှစ်ရွယ် ခိုကိုးရာမဲ့အဖွားကို မြဆည်းဆာမှ ခေါ်ယူစောင့်ရှောက်ထားတယ်လို့သိရပါတယ်။အဖွားအမည် ဒေါ်ကျင်သီ၊အသက်(၇၄)နှစ်၊မိဘအမည် ဦးမောင်ငယ်+ဒေါ်စိန်ရွှေ ခေါ်ယူခဲ့သည့်နေရာ နှစ်ကရင်ကျေးရွာ၊ရေးမြို့ကပါ။

အဖွားအကြောင်းအကျဥ်းကတော့ အဖွားက ရေးမြို့နယ်၊နှစ်ကရင်ရွာဇာတိဖြစ်ပြီး မွေးချင်း(၇)ဦးအနက် တတိယမြောက်ဖြစ်ပါတယ်။ငယ်စဥ်က (၄)တန်းထိပညာသင်ကြားခဲ့ပြီး ဖခင်မှာ သွားစိုက်လုပ်ငန်းလုပ်သည်ဟု သိရပါတယ်။အဖွားသည် အသက်(၁၈)အရွယ်တွင် တရွာတည်းနေ ဦးတင်ညွှန့်ဆိုသူနှင် အိမ်ထောင်ကျပြီး ယောင်္ကျားဖြစ်သူမှာ ရထားလမ်းအလုပ်သမားလုပ်ပြီး အဖွားကတော့ မှီခိုသူအဖြစ် ရပ်တည်ခဲ့ပါတယ်။

အဖွားက(၁၈)နှစ်အရွယ်တွင် အိမ်ထောင်ကျပြီး အသက်(၂၄)နှစ်အရွယ်မှာ အိမ်ထောင်ကွဲခဲ့ပါတယ်။အိမ်ထောင်ကျစဥ်က သား(၂)ဦးထွန်းကားခဲ့ပြီး သားငယ်မှာ အသက်(၃၀)အရွယ်တွင် သေဆုံးခဲ့ပြီး ယခုအဖွားကို တာ၀န်မယူနိုင်တော့သည့် သားကြီးဖြစ်သူမှာတော့ ကော့ဒွတ်ရွာသူနှင့် အိမ်ထောင်ကျပြီး ကော့ဒွတ်မှာပင် နေထိုင်ပါတယ်။အဖွားတို့အိမ်ထောင်ကွဲပြီး အဖွားရဲ့ယောင်္ကျားက နောက်အိမ်ထောင်ပြုသွားခဲ့ပြီး အဖွားလည်း နောက်အိမ်ထောင်ထပ်ပြုခဲ့ပြီး အခုတော့မရှိတော့ဘူးဟုသိရပါတယ်။

အဖွားမှာ တယောက်ထဲနေထိုင်ရင်း နေအိမ်ကိုလည်း ကျန်မာရေး သိပ်မကောင်းလို့ ဆေးကုသစားရိတ်လိုအပ်နေလို့ ပထမအကြိမ်ပေါင်နှံပြီး နောက်ဆုံးရောင်းချခဲ့ရကာ အားလုံးလည်း ကုန်သွားပြီးဟုဆိုပါတယ်။အဖွားမှာ အသက်အရွယ်အရ နေစရာလဲမရှိတော့၍ အစ်ကိုဖြစ်သူ၏နေအိမ်တွင် ကပ်နေခဲ့ပြီ ရပ်ကွက်က ပေးစာကမ်းစာများနှင့် စာနာသနားသူများရဲ့၀ိုင်း၀န်းပေးကမ်းမှုများနဲ့သာ ရပ်တည်နေခဲ့ရတာကြာပြီးဟု ဆိုပါတယ်။

ယခုအခါ အဖွားကပ်နေရသည့် အိမ်မှာ ရောင်းချကာ ပြောင်းရွှေ့တော့မည်ဖြစ်ပြီး အဖွားတစ်ယောက်ထဲ ကျန်ခဲ့မှာဖြစ်သောကြောင့် ရပ်ကွက်လူကြီးများမှ ကော့ဒွတ်ရွာတွင်နေထိုင်သော အဖွား၏သားကြီးဖြစ်သူထံ အဖွားအားကြည့်ရှု့ပေးဖို့ ဆက်သွယ်ရာ သားဖြစ်သူမှ အမေကိုခေါ်လျှင် သူ့မိန်းမကလက်မခံဘဲ သူ့ကိုပါကွာပစ်မည်ပြောသောကြောင့် တာ၀န်ယူ၍ မရကြောင်း ပြောဆိုခဲ့ဟုသိရပါတယ်။

နောက်ဆုံးမှာတော့ ခိုကိုးရာမဲ့ ဖြစ်သွားတဲ့ အသက်(၇၄)နှစ်အရွယ်ရှိ အဖွားဒေါ်ကျင်သီကို မော်လမြိုင်မြို့၊မြဆည်းဆာ ဘိုးဘွားရိပ်သာမှ လက်ခံစောင့်ရှောက်ပေးနိုင်ရန် ဆက်သွယ်လာ၍ အကျိုးတော်ဆောင်အဖွဲ့မှ မြဆည်းဆာနှင့် နဂါးမောက်ဆရာတော် ဘဒ္ဒန္တနရိန္ဒထံလျှောက်ထားပြီး ဆရာတော်၏လမ်းညွှန်မှုဖြင့် ထပ်မံစုံစမ်းမေးမြန်းရာ ဖြစ်စဥ်မှာ အမှန်တကယ်ဖြစ်ပြီး

အဖွားအားစောင့်ရှောက်ရန် လိုအပ်နေချိန်ဖြစ်သောကြောင့်လည်းကောင်း၊အဖွား၏ သားဖြစ်သူမှာလည်း မိခင်အားစွန့်လွှတ်ကြောင်း၊မြဆည်းဆာပို့ရန် လူကြီးများရှေ့တွင် စာချုပ်ကို လက်မှတ်ပါထိုးပေးလိုက်သဖြင့် အဖွားအားခေါ်ယူကာ (29.11.2022)ရက်နေ့မှစတင်ပြီး မြဆည်းဆာရိပ်သာမှ နေရေးမှသေရေးထိ ဘ၀နေ၀င်ချိန်တခုလုံးအား တာ၀န်ယူစောင့်ရှောက်ပေးလိုက်ပြီးပဲ ဖြစ်ပါတယ်။မြဆည်းဆာရောက်မှတော့ အဖွားရဲ့ဘ၀နောင်ရေး စိတ်အေးချမ်းရပါပြီ ဘ၀တွေ အေးချမ်းကြပါစေ ….🙏🙏🙏

Be the first to comment

Leave a comment

Your email address will not be published.


*