တစ်နေ့တခြား ပိုလှလာတဲ့ သမီးလေးဖြူဖြူစင်စင်လင်းရဲ့ အလှကိုချပြလာတဲ့ ဖေဖေထူးအယ်လင်း

တစ်နေ့တခြား ပိုလှလာတဲ့ သမီးလေးဖြူဖြူစင်စင်လင်းရဲ့ အလှကိုချပြလာတဲ့ ဖေဖေထူးအယ်လင်း

ပရိသတ်ကြိီးတို့ရေ ထူးအယ်လင်းကတော့ ခံစားချက်အပြည့်ပါတဲ့ သီချင်းတွေကို သီဆိုရင်းနဲ့ အောင်မြင်လာခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ထူးအယ်လင်းဟာ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ သီချင်းသစ်တွေကို ဖန်တီးခြင်းမရှိတော့ပဲလူအများအကျိုးကို သယ်ပိုးဆောင်ရွက်တဲ့ ပရဟိတအလုပ်တွေကို နယ်တကာလှည့်ပြီး လုပ်ဆောင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထူးအယ်လင်းဟာ သူ့ရဲ့ပထမအိမ်ထောင် မီးမီးခဲနဲ့ ရရှိခဲ့တဲ့ သမီးအကြီးဆုံး ဖြူဖြူစင်စင်လင်း @ ဘားဘီလေးရဲ့ ပုံရိပ်တွေကို မျှဝေလာပါတယ်။

ဘားဘီလေးဟာ အသက်အရွယ်တခုရောက်ရှိလာပြီး အပျိုဖော်ဝင်လာတာနဲ့အမျှ ပိုပြီးလှလာခဲ့ပြီး ထူးအယ်လင်းကလည်း သူ့ရဲ့သမီးကြီး ဘားဘီကို“လှတယ်သမီး ”ဆိုပြီး ချီးကျူးခဲ့တာကို တွေ့ရပါတယ်။

ဘားဘီဟာ ငယ်စဉ်ကတည်းက သူမရဲ့ မိဘတွေဖြစ်တဲ့ ထူးအယ်လင်းနဲ့ မီးမီးခဲတို့ တရားဝင်ကွာရှင်းခဲ့ပြီး နောက်အိမ်ထောင် အသီးသီးပြုသွားချိန်မှာတော့ သူမရဲ့ဆွေမျိုးတွေဆီမှာ နေထိုင်ရင်းကြီးပြင်းလာခဲ့တာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a comment

Your email address will not be published.


*