မွေးစားမေမေရဲ့ မေတ္တာရိပ်အောက်မှာ ဘွဲ့ရပညာတတ် ကြီးဖြစ်ဖို့ စာကိုကြိုးစားသင်ယူနေတဲ့ ဂျမ်းတောလေး
ပရိသတ်ကြီးတို့ရေ သရက်ကင်ဈေးသည်မလေး ဂျမ်းတောကိုတော့ မသိတဲ့သူမရှိပါဘူးနော်။မိဘနဲ့မောင်နှမတွေအပေါ်မှာ အနစ်နာခံပြီး စျေးရောင်းကျွေးခဲ့တဲ့ ဂျမ်းတောလေးရဲ့ သိတတ်တဲ့ စိတ်တစ်ခုထဲကြောင့် ခုအခါမှာတော့ သူမရဲ့ဘဝလေး မြင့်တတ်လာခဲ့ပြီပဲ ဖြစ်ပါတယ်နော်။
ဂျမ်းတောလေးကို မွေးစားမိခင်ဖြစ်သူ မချူးချူးကအိမ်ကိုခေါ်ထားပြီး အတန်းပညာသင်သင်ယူစေပြီး ပြုစုပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။
အဖြူရောင်နှလုံးသားပိုင်ရှင် မချူးချူးရဲ့ နွေးထွေးမွန်မြတ်တဲ့ စိတ်ထားလေးကြောင့် အခုချိန်မှာ ဂျမ်းတောလေးရဲ့ ဘဝဟာ အေးချမ်းပျော်ရွှင်နေရပြီပဲ ဖြစ်ပါတယ်။
“ဘွဲ့ရပညာတတ်ဖြစ်ဖို့ စာကြိုးစား သင်ယူနေသလို၊ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ဖို့ ကာရာတေး သင်တန်းတက်နေပါပြီ”လို့ ဂျမ်းတောလေးက တတ်ကြွစွာ ပြောပြလာခဲ့ပါတယ်။ပျော်ရွှင်နေတဲ့ ဂျမ်းတောလေးကို ကြည့်ပြီး ပရိသတ်ကြီးတို့လည်း ဝမ်းသာနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်။
Be the first to comment