ချစ်သူနဲ့ ဒီကနေ့မှာ ရွှေလက်တွဲမင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး ခေးဆက်သွင်
ပရိသတ်ကြီးတို့ရေ ခေးဆက်သွင်ကတော့ MRTV–4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။
ခေးဆက်သွင်ကတော့ မကြာသေးခင်အချိန်က သူ့ရဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲတော့မယ့်အကြောင်းပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။လိုက်ဖက်ညီလွန်းလှတာကြောင့် ခေးတို့ စုံတွဲလေးကို ပရိသတ်တွေကလည်း သဘောတူနေခဲ့ကြပါသေးတယ်။
ဒီကနေ့မှာတော့ ခေးက သူ့ရဲ့ချစ်သူလေးနဲ့ ရွှေလက်တွဲလက်ထပ်မင်္ဂလာပွဲလေး ကျင်းပပြုလုပ်ခဲ့ပြီး ခေးရဲ့ အချစ်ဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ စိုပြေမြင့်ကတော့ ခေးတို့ရဲ့ ရွှေလက်တွဲ မင်္ဂလာပွဲလေးကို ဂုဏ်ပြုထားခဲ့ပါတယ်။
စိုပြေမြင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “အရမ်းပျော်ရတဲ့နေ့လေး C & K congratulations” ဆိုပြီးတော့ ရေးသားဂုဏ်ပြုထားတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရေ ခေးတို့ စုံတွဲလေးအတွက် မင်္ဂလာဆုတောင်း စကားလေးတွေဆုတောင်းပေးခဲ့ကြပါဦးနော်။
Be the first to comment