ရွှေသွေးရဲ့အလှဆုံးပုံလေးတွေကို ထုတ်ကြွားလာခဲ့တဲ့ မိုးနီလေး

ရွှေသွေးရဲ့အလှဆုံးပုံလေးတွေကို ထုတ်ကြွားလာခဲ့တဲ့ မိုးနီလေး

ပရိသတ်ကြိီးတို့ရေ သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ လူလေးချစ်စရာကောင်းသလို သရုပ်ဆောင်လည်း ပီပြင်ကောင်းမွန်တာကြောင့် ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကျော်ကြားလာသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေဟာ “အမုန်းမှသည်”၊ “ဝိညဉ်ရှိုက်သံ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးခဲ့သလို လက်ရှိထုတ်လွှင့်ပြသနေတဲ့ “၁၀၁%အချစ်” ဇာတ်လမ်းတွဲမှာလည်း ‘ခင်ပြည့်စုံ’ဆိုတဲ့ ကာရိုက်တာလေးနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကောင်းမြတ်စံနဲ့ ဆောင်းဝတ်ရည်မေတို့ အနုပညာမောင်နှမနှစ်ယောက်ရဲ့ အချင်းချင်း စနောက်ပြီးရိုက်ကူးထားကြတဲ့ အခွီးဓာတ်ပုံလေးတွေကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။

“ရွှေသွေး-မိန်းမ ငါ့ကို ဓါတ်ပုံလေးတွေ ရိုက်ပေးပါအုံး…..”ခင်ပြည့်စုံ -🥴ကျားကျားရဲ့ BD မှ အလှဆုံးပုံနဲ​ wish ပေးမလို့ မိုးနီလေးက။ခုတော့ အရမ်းလှတဲ့ပုံလေး မနေနိုင်တော့လို့ တင်ပေးလိုက်ပြီ ကျားရေ။

စိတ်မဆိုးရဘူးနော် ရွှေသွေးချစ်တဲ့ မိုးနီ🤪🤪🤪”ဆိုပြိီးတော့ တင်ပေးလာခဲ့တာပါ။ရွှေသွေးနဲ့ မိုးနီလေးတို့ကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်ကြိီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*