ပရိသတ်ရှေ့ကို ဆံနွယ်ရှည်ရှည်လေးတွေနဲ့ ပထမဆုံးထွက်ပေါ်လာတဲ့ Beauty Blogger ဝင်းမင်းသန်း
ပရိသတ်ကြီးတို့ရေ ဝင်းမင်းသန်းကတော့ Beauty Blogger တစ်ယောက်အနေနဲ့ အောင်မြင်မှုရရှိလာပြီး အလှအပရေးရာတွေနဲ့ ပတ်သက်ပြီး မျှဝေပေးနေတဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။
အလှအပရေးရာတွေအပြင် မိန်းကလေးတွေအတွက် အကျိုးရှိတဲ့ စိတ်ခွန်အားဖြစ်စေတဲ့ အရာတွေကိုလည်း မျှဝေတတ်တာကြောင့် သူမကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေးပရိသတ်တွေ များစွာပါဝင်နေတယ်လို့ ဆိုရမှာပါ။
ဒီကနေ့မှာတော့ Beauty Blogger ဝင်းမင်းသန်းက အကျဥ်းထောင်ထဲကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် မညှပ်ဘဲ အရှည်ထားခဲ့တဲ့ ဆံနွယ်ရှည်တွေကို ချည်နှောင်မထားဘဲ ကပိုကရို ပုံသစ်လေးတစ်ပုံနဲ့အတူ အလွမ်းစာလွှာ ပါးလာတာပါ။
“အားလုံးပဲ မင်္ဂလာပါရှင့် 😌😌😌တစ်ယောက်ချင်းစီက ပို့သတဲ့မေတ္တာတွေဟာ အဝင်းအတွက် ခွန်အားတွေပါ 🙏 မေတ္တာတွေကို အားထားခံယူလျှက်ပါ။မေတ္တာတွေကိုလည်း အမြဲတုံ့ပြန်လျက်ပါ။ တူတူရှိနေပေးလို့ အတိုင်းမသိ ဝမ်းသာကြည်နူးရပါတယ်။
အားလုံးကို လွမ်းနေခဲ့ပါတယ် 😘😘😘ယူတို့မရှိတဲ့ ကမ္ဘာမှာ အိုင် စကွင်းမကဲခဲ့ဘူးဆိုတာ ယုံပါ ခုတော့ GlowNation ရှေ့ပြန်ရောက်လာပီ😏😏😏အရင်ကထက် ပိုချစ်ကြမယ် 😘😍”ဆိုပြီးတော့ ရေးသားလာခဲ့တာပါ။
Be the first to comment