အဖိုးဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်နဲ့ပတ်သတ်ပြီး အမှတ်တရများကို ပြောပြလာတဲ့ မြေးဖြစ်သူ မြူလင်းကိုကို

အဖိုးဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်နဲ့ပတ်သတ်ပြီး အမှတ်တရများကို ပြောပြလာတဲ့ မြေးဖြစ်သူ မြူလင်းကိုကို

ပရိသတ်ကြိီးတို့ရေ ဒါရိုက်တာ ဦးခင်ဇော်ရဲ့ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်နေ့လေးမှာ သား၊သမီးတွေဖြစ်ကြတဲ့ ဒါရိုက်တာမိုက်တီး၊ချစ်ချစ်ဇော်၊လင်းဇာနည်ဇော်တို့မှ အုန့်နို့ခေါက်ဆွဲ စတုဒီသာဖြင့် ကုသိုလ်ယူ ဒါနပြုကြတာပဲ ဖြစ်ပါတယ်။

အဖိုးဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်ကွယ်လွန်ခြင်း (၄)နှစ်ပြည့် အလှူမှာ မြေးဖြစ်သူ မြူလင်းကိုကိုကလည်း ပါဝင်ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဦးခင်ဇော်ရဲ့ မြေး ဖြစ်သူ လင်းဇာနည်ဇော်ရဲ့သမီးလေး မြူလင်းကိုကိုက အဖိုးဖြစ်သူနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

“အဖိုးဆုံးတော့ မြူလင်းကပြည်ပမှာ ကျောင်းသွားတက်နေတဲ့ အချိန်ပါ အဖိုးချစ်တဲ့ မြေးမတစ်ယောက် ဖြစ်ခဲ့ပါတယ် အဖိုးကိုလည်း ဆေးတိုက်၊ ဆန်ပြုတ်တိုက်တာတွေနဲ့ လိုအပ်တာတွေလုပ်ပေးပြီး ပြုစုပေးနိုင်ခဲ့တယ် တစ်အိမ်လုံးမှာ ကိုယ်က ကလေးတစ်ယောက်တည်း ပါတာမို့ ချွဲလည်း အဲဒီလောက်ကြီး မချွဲတတ်သလို၊

ဘယ်သူ့ကိုမှလည်း မကြောက်ရဘူး ဘိုးဘိုးက စကားနည်းပြီး အေးအေးဆေးဆေး နေတတ်တယ်၊ သူများကိစ္စလည်းမပါသလို ကိုယ့်ကိစ္စ ဝင်ပါလည်း မကြိုက်ဘူး မြူလင်းက စကားနည်းပြီး အေးအေးဆေးဆေးနေတတ်တာက အဖိုးနဲ့တူတယ် တခါအဖိုးလိုက်ရိုက်ဖို့လုပ်တုန်းက ပတ်ပြေးခဲ့ရတာ အမှတ်တရပါပဲ လက်ရေးဆက်ရေးတာကို အဖိုးက သင်ပေးခဲ့တာ အဘိုးက လက်ရေးဆက်ရေးနည်း သင်ပေးခဲ့တာ အမှတ်တရပဲ၊

အဲ့တုန်းကတော့ ကလေးဆိုတော့ မျက်နှာကြီးဆူပုတ်ပြီး မသင်ချင်ခဲ့ပေမယ့် အခုကတော့ စိတ်ဝင်စားပြိီး ပြန်ရေးဖြစ်နေတယ် တကယ်အမှတ်တရပါပဲ”ဆိုပြိီးတော့ အဖိုးဖြစ်သူ ဒါရိုက်တာ ဦးခင်ဇော်နဲ့ပတ်သက်ပြိီး မြေးဖြစ်သူ မြူလင်းကိုကိုက ပြန်လည်မျှဝေလာခဲ့တာပါ။

Be the first to comment

Leave a comment

Your email address will not be published.


*