လူပြောများနေကြတဲ့ ဂျုံခေါက်ဆွဲများ အနီရောင်ပြောင်းသွားတဲ့ အဓိကအကြောင်းရင်း

လူပြောများနေကြတဲ့ ဂျုံခေါက်ဆွဲများ အနီရောင်ပြောင်းသွားတဲ့ အဓိကအကြောင်းအရင်း

ကျွန်တော်ဟာ ခေါက်ဆွဲဆိုရင် ရယ်ဒီမိတ်ခေါက်ဆွဲထုပ်တို့ အရံသင့်စား ရေနွေးနဲ့ပြုတ်ရတဲ့ ခေါက်ဆွဲတို့ ဘယ်တော့မှ မစားဖြစ်ပါဘူး၊(ကြာရှည်ခံဆေးပါတာသိလို့) ကျွန်တော်နေတဲ့ ရပ်ကွက်ထဲမှာ ခေါက်ဆွဲစက် ၃ စက်ရှိတာလဲ ပါပါတယ်။

စက်ကဆိုတော့ လတ်လတ်ဆတ်ဆတ် စားရတာပေါ့။ ကျွန်တော်တို့မိသားစုက (မိသားစုဆိုပေမဲ့ သုံးယောက်ထဲရယ်) ခေါက်ဆွဲကြိုက်တယ်ဗျ။ နို့စိမ်းခေါက်ဆွဲ၊ နန်းကြီးသုပ် (ခေါက်ဆွဲနဲ့ဘဲ)၊မုန့်ဟင်းခါး (ခေါက်ဆွဲနဲ့ဘဲ)၊ ခေါက်ဆွဲကြော်၊ခေါက်ဆွဲကို မျိုးစုံလုပ်စားဖြစ်တယ်ဗျ။

ဒီနေ့တော့ သမီးလေးက ဖေဖေ ခေါက်ဆွဲသုပ်ဘဲစားချင်တယ်ဆိုတော့ (အမှန်က ခေါက်ဆွဲကြော်ကြွေးဖို့) မနက်အိပ်ယာထထဲက ခေါက်ဆွဲသုပ်စားဖို့ စီမံရတော့တာပေါ့။ ဆီချက်တို့၊ အာလူး၊ မုန့်ကြွပ်ကြော်၊ နံနံပင်၊ ပဲကြော်၊ ဂေါ်ဖီ၊ မန်ကျည်းရည်၊ပဲမှုန့် အားလုံးစုံပြီဆိုတော့ ခေါက်ဆွဲရုံမှာ ခေါက်ဆွဲ တပိသာဝယ်တာပေါ့။

တပိသာ ၃၄၀၀ဈေးနဲ့ တပိသာဝယ်ခဲ့တယ်။အခုစားဖို့အတွက် ၂၅သားလောက်ကို မီးဖိုချောင်သုံး ကတ္တားလေးနဲ့ချိန် ပိုနေတဲ့ ၇၅ကျပ်သားကို လေလုံအိပ်နဲ့ ၃ထပ်လောက်ပိတ် ရေခဲသေတ္တာထဲ ထည့်လိုက်တယ် နောက်နေ့ ခေါက်ဆွဲကြော်စားမယ်လေ။

ခေါက်ဆွဲစသုပ်ဖို့ ပြင်ပြီ။ ဇာတ်လမ်းက အခုမှစတွေ့တာပါပဲ။ ခေါက်ဆွဲထဲကို ကြက်သွန်ဖြူ ဆီသတ်ထားတာလေး လောင်းထည့်ပြီး ကျန်တာတွေထည့်ဖို့ စီမံနေတဲ့အချိန် ကိုယ့်ခေါက်ဆွဲ ကိုယ်မြင်ပြီး လန့်တောင်သွားတယ်။ ပုံမှာပြထားသလိုခေါက်ဆွဲတွေက နီရဲနေတာပဲ။ရုတ်တရက်ဆိုတော့လန့်သွားတာပေါ့။

လူတွေ လူတွေ ဂျုံကရှား၊ ဆီက ဈေးတက်ဆိုတော့ ခေါက်ဆွဲအဆမတန်ပွအောင် ဆော်ဒါတွေ တအားပိုထည့်၊ဆော်ဒါနဲ့ ဆနွင်းဆီသတ်ထားတဲ့ ကြက်သွန်ဖြူဆီချက်နဲ့တွေ့တော့ အရောင်ပြောင်းကုန်တာပါပဲ။ကျွန်တော်ဝယ်နေကြ ခေါက်ဆွဲစက်က အမြဲဝယ်နေကြပါ။ တခါမှ အဲ့သလိုမဖြစ်ဖူးပါဘူး အဲ့ဒါနဲ့ကျန်တဲ့ခေါက်ဆွဲစက် ၂စက်ကို ဝယ်ကြည့်လဲ ထူးမခြားနားဘဲ နောက်ဆို ခေါက်ဆွဲ အစားလျော့ရတော့မယ်။(Tin Maung Tun)

Be the first to comment

Leave a comment

Your email address will not be published.


*