သင်ဇာဝင့်ကျော်ရဲ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းရင်း အရုဏ်ဆွမ်းကပ်လှူကာ ကုသိုလ်ပြုလုပ်ပေးခဲ့တဲ ရဲရင့်မိုး…

သင်ဇာဝင့်ကျော်ရဲ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းရင်း အရုဏ်ဆွမ်းကပ်လှူကာ ကုသိုလ်ပြုလုပ်ပေးခဲ့တဲ ရဲရင့်မိုး…

ပရိသတ်ကြီးတို့ရေ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ (၄)ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သင်ဇာရဲ့ မွေးနေ့ဖြစ်ပြီး သင်ဇာကတော့ အသက် (၃၅)နှစ် ပြည့်မြောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင်တော့ မော်ဒယ်ရဲရင့်မိုးက အကျဥ်းထောင်ရောက်ရှိနေတဲ့ ချစ်သူလေး သရုပ်ဆောင်သင်ဇာဝင့်ကျော်တွက် သတိတရ မွေးနေ့ဆုတောင်းပေးရင်း မွေးနေ့ကုသိုလ်အဖြစ် အာရုဏ်ဆွမ်း ကပ်လှူပေးခဲ့တာပဲ ဖြစ်ပါတယ်။

မော်ဒယ်ရဲရင့်မိုးက “Happy Birthday ပါအချစ်ကလေးရေ၊ စိတ်ညစ်ရတဲ့ အခုကာလလေး အမြန်ဆုံးကုန်ဆုံးပီး ချစ်ရတဲ့သူတွေနဲ့ အမြန်ဆုံးပြန်ဆုံတွေ့ရပါစေနော်၊ဘေးနားမှာအတူတူရှိရင် အရမ်းကောင်းမှာပဲ သတိရလို့ အရင်နှစ်ကပုံလေးတွေ ကြည့်နေမိတယ် ပိုလွမ်းသွားတာပေါ့၊ အချိန်တိုင်းစိတ်ထဲအချစ်ကလေးပဲရှိတယ်၊ နေ့တိုင်းလဲသတိရနေပါတယ်။

တခါတခါအိမ်မက်မက်ရင် ပြန်မနိုးချင်တော့ဘူး သိရဲ့လား၊ နိုးတဲ့အခါမတွေ့ရတော့ဘူးလေ၊ အရမ်းလွမ်းနေတဲ့အချိန်မတွေ့ရတဲ့ ခံစားချက်ကြီးကိုမြိုသိပ်ရတာ အရမ်းခက်တယ်၊ အချစ်ကလေးလဲလွမ်းနေမယ်ဆိုတာသိပါတယ်၊ အရမ်းချစ်တယ်နော်၊ နေကောင်းကျန်းမာအောင်နေပေးပါ၊အစားလဲမှန်မှန်စားနော်၊ ကော်ဖီတွေလဲလျှော့သောက်နော် မနက်ဖြန်အချစ်ကလေးအတွက် ကုသိုလ်လေးတွေ အများကြီးလုပ်ပီး ဆုတောင်းပေးပါ့မယ်။

ပြန်တွေ့ခွင့်ရမဲ့နေ့လေးတွေအမြဲရေတွက်ရင်းစောင့်နေပါတယ် အရမ်းချစ်တယ် my everything လေးရေ”ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက် ပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*