သူတို့ဇနီးမောင်နှံရဲ့ဘဝထဲကို မိသားစုဝင်အသစ် သားဦးလေး ရောက်ရှိလာပြီလို့ အသိပေးလာခဲ့တဲ့ နေတိုး
ပရိသတ်ကြီးတို့ရေ နေတိုးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားခဲ့တဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။နေတိုးကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ဇနီးသည်နဲ့အတူ အေးချမ်းတဲ့ မိသားစုဘဝလေးကို အချိန်ပေးကုန်ဆုံးနေခဲ့တာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီတို့ သိရှိပြီးသားဖြစ်တဲ့အတိုင်း နေတိုးရဲ့ ဇနီးသည်ကတော့ ပထမဆုံးရင်သွေးဖြစ်တဲ့ သားဦးလေးကို ကိုယ်ဝန်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ နေတိုးက သူရဲ့ဇနီးဟာ သားဦးလေးကိုအောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး သူ့ရဲ့သားလေးလူ့လောကထဲကို ရောက်ရှိလာပြီးဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။
သားလေးရဲ့ လက်ကလေးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးအပါအဝင် ဇနီးသည်နဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေကို သူ့ရဲ့ Youtube Channel ကနေ မျှဝေဖော်ပြလာခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရေ နေတိုးကတော့ “Welcome to the world baby boy” ဆိုပြီးတော့ သားသားလေးကို နွေးထွေးစွာနဲ့ ကြိုဆိုထားခဲ့ပါသေးတယ်နော်။
Be the first to comment