ဇာတ်မင်းသားဖိုးချစ်နှင့် တေးရေး/ဆို သျှန်ထွန်း(မြန်မာစာ)တို့ဖမ်းဆီးခံရ
ပရိသတ်ကြီးတို့ရေ မြို့ရွှေမန်းသား ဇာတ်သဘင်တည်ထောင်သူ ဇာတ်မင်းသားဖိုးချစ်နှင့် တေးရေးတေးဆို သျှန်ထွန်း(မြန်မာစာ)တို့ ဖမ်းဆီးခံရကြောင်းသူတို့နှင့် နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။
သူတို့ ၂ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် စကစဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် သူတို့၂ဦးအား ဖမ်းဆီးပေးရန် တိုက်တွန်းမှုများ တက်လာပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
သူတို့နှင့် နီးစပ်သူတဦးက ဇာတ်မင်းသားဖိုးချစ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ရက်နေ့က နေအိမ်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး တေးရေး/ဆို သျှန်ထွန်း(မြန်မာစာ)ကိုတော့ ပုဂံသို့ အသွားလမ်း 0 မိုင်ဂိတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။
ယခင်က မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဖိုးချစ်ဟာ စကစက အာဏာသိမ်းပြီးနောက် တာဝန်ထမ်းဆောင်လိုစိတ် မရှိသည့်အတွက် နုတ်ထွက်ခဲ့ပါတယ်။သူတို့၂ဦးဟာ ဘာအတွက်ကြောင့် ဖမ်းဆီးခံခဲ့ရပြီး ဘယ်နေရာမှာ ဖမ်းဆီးထားသည်ကိုတော့ အတည်မပြုနိုင်သေးပါ။
Be the first to comment