(၆)နှစ်ကြာတွဲခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ စေ့စပ်ထိမ်းမြားလိုက်ပြီဖြစ်​တဲ့ အဆိုတော် David လိုင်

(၆)နှစ်ကြာတွဲခဲ့တဲ့ ချစ်သူကောင်မလေးနဲ့ စေ့စပ်ထိမ်းမြားလိုက်ပြီဖြစ်​တဲ့ အဆိုတော် David လိုင်

ပရိသတ်ကြီးတို့ရေ အိပ်မက်ဆုံရာ Season-2 ကနေ ပရိသတ်သိတဲ့ အဆိုတော် တစ်ယောက်ဖြစ်လာခဲ့တဲ့ ဒေးဗစ်လိုင်ဟာ 2018 ခုနှစ်မှာ “ချစ်နေသော်လည်း” ဆိုတဲ့ တေးအယ်လ်ဘမ်တစ်ခုသာ ထွက်ရှိခဲ့ပြီး တေးရေး ကောင်းကောင်း ရေးသားပေးခဲ့တဲ့ ” နေမင်းလို ပန်းသီလို”၊ တေးရေး ဆောင်းဦးလှိုင် ရေးသားပေးခဲ့တဲ့ “မိုးခါးရေ”စတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့ပြီး

coversong တွေအနေနဲ့ တေးသံရှင် ထူးအိမ်သင်ရဲ့ “အမေ့အိမ်”၊ တေးသံရှင် နွဲ့ယဉ်ဝင်းရဲ့”ရွှေပင်လယ်” သီချင်းတွေနဲ့အတူ အွန်လိုင်းမှာပါ ပရိသတ်အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ယခုအခါမှာတော့ အဆိုတော် ဒေးဗစ်လိုင်က (၆)နှစ်ကျော်ကြာ တွဲလာခဲ့တဲ့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ စေ့စပ်လိုက်ပြီလို့ ပရိသတ်ကို ချပြလာခဲ့တာပါ။

ဒေးဗစ်လိုင်ဟာ အခုမှသူ့ရဲ့ချစ်သူကောင်မလေးကို ချပြလာခဲ့တာဖြစ်ပြီး ဒီကြားထဲ relationship status တွေတစ်ကြိမ်မှမတင်ခဲ့ဖူးဘူးလို့ သိရပါတယ်။သူနဲ့ သူ့ရဲ့ချစ်သူ ကောင်မလေးက (၆)နှစ်ဆိုတဲ့အချိန်ကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝနားလည်ပေးနိုင်တဲ့အပြင် အရမ်းချစ်ကြတယ်လို့ပါ အင်္ဂလိပ်ဘာသာစကားနဲ့ ရေးသားဖော်ပြထားတာကို တွေ့ ရှိရပါတယ်။

ဒါပေမဲ့လည်း ဒေးဗစ်လိုင်ဟာ သူ့ရဲ့ချစ်သူ ကောင်မလေးဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မချပြသေးသလို စေ့စပ်လက်စွပ်ကလွဲပြီး အခြားဘာမှထပ်မံဖော်ပြထားခြင်း မရှိတာကိုတွေ့ ရပါတယ်။ ဒါ့အပြင် ကောင်မလေးကို အရမ်းအညွှန်းမတင်ထားသလို စေ့စပ်တဲ့အကြောင်းကိုပါ လိုရင်းတိုရှင်းသာ ဖော်ပြထားပါတယ်။သူတို့ ချစ်သူနှစ်ဦးရဲ့ ရွှေလက်တွဲမှုတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*